💌You are My Beast. I am Your Bell💌

🩷 Today Poem 🩷
~~~~~~~~~~~~~~~~~

💌မင်းက ကိုယ့်ရဲ့ the Beast. ကိုယ်က မင်းရဲ့ Bell.💌
************************************************

'Beauty and the Beast' ဇာတ်လမ်းလေးကို ကိုယ်ကြားသိရတိုင်း
မင်းကို ကိုယ် တွေးမိတယ်။
ဒီ ဇာတ်လမ်းလေးက မင်းနဲ့ ကိုယ်နဲ့ရဲ့ ဇာတ်ရိုး တစ်ခုလိုပဲ ခံစားရစေတယ်။
ကိုယ်တို တွေ့ဆုံခဲ့တဲ့ အတိတ်စဦး နေ့ရက်တွေကတည်းက
လူတွေကြားထဲမှာ ရှိနေခဲ့‌ပေမယ့် မင်းရဲ့ ကျောပြင်ကို ကြည့်မိတိုင်း
မင်းဟာ အမေ့လျော့ခံ ရဲတိုက်ထဲမှာ တထီးတည်း ရှိနေတဲ့ လူတစ်ယောက်လို ကိုယ် ခံစားခဲ့ရတယ်။
မင်းဟာ တစ်စုံတစ်ခုကို နက်ရှိင်းစွာ ပျောက်ဆုံးနေသော သူတစ်ယောက်လို ချစ်ခြင်းမေတ္တာကို ငတ်မွတ်သူ တစ်ယောက် အဖြစ်ပေါ့။
အဲ့ဒါကြောင့်ပဲ ကိုယ် မင်းကို အလင်းရောင်တွေ ဖြန့်ဝေပေးဖို ကြိုးစားမိခဲ့လေသလားပဲ။
ကိုယ် မင်းကို အမေ့လျော့ခံ ရဲတိုက်ကနေ ဆွဲထုတ်ပေးဖို ဆန္ဒ ပြင်းပြခဲ့ပေမယ့်
မင်းရဲ့ ဒေါသမီးအဟုန်နဲ့ အတ္တရဲ့ ပူလောင်ခြင်းတွေက ကိုယ့်ကို နာကျင်စေပြီး အဝေးကို တွန်းထုတ်စေခဲ့တယ်။
မင်းဟာ မင်းရဲ့ စိတ်မလုံခြုံမှုတွေကြောင့် ကိုယ့်ရဲ့ နီးကပ်လာမှုကို ကြောက်ရွံခဲ့ပေမယ့်
မင်းရဲ့ မသိစိတ်မှာ ကိုယ့်ကို မင်းရဲ့ အမေ့လျော့ခံ ရဲတိုက်ကနေ ထွက်ခွာသွားမှာ မလိုလားခဲ့ဘူး။
ကိုယ်က Bell လိုပဲ လွတ်လပ်စွာ ပျံသန်းချင်ခဲ့တယ်။
မင်းက The Beast လိုပဲ ကိုယ့်ကို မင်းဘေးနားမှာ ချည်နှောင် ထားချင်ခဲ့တယ်။
တကယ်တော့ မင်းဟာ မင်းကိုယ်တိုင်ရဲ့ ဒေါသ မီးအဟုန်နဲ့ အတ္တတွေနဲ့ အမေ့လျော့ခံ ရဲတိုက်မှာ ပိတ်မိနေသူ တစ်ယောက် ဖြစ်နေခဲ့ရုံပါ။
တစ်ခါတစ်လေ ကိုယ့်ကို တမင်တကာ နာကျင်စေခဲ့တယ်။
တစ်ခါတစ်လေတော့လည်း ဘယ်သူမှ မလုပ်ပေးနိုင်သော ကာကွယ်မှုမျိုးနဲ့ ကိုယ့်ကို ကာကွယ်ပေးတတ်ပြန်တယ်။
ဒါပေမယ့် မင်းသိလား
Bell နဲ့ The Beast တို နှစ်ဦးရဲ့ ပေါင်းစည်းစေသော လျိုဝှက်ချက် တစ်ခုက ဘာလဲဆိုတာကိုပေါ့။
The Beast က Bell ရဲ့ စစ်မှန်သော နှလုံးသားကသာ သူ့ကို ဒီ အမေ့လျော့ခံ ရဲတိုက်ကနေ ဆွဲထုတ်နိုင်ပြီး ကမ္ဘာကြီးကို ပြသနိုင်လိမ့်မယ် ဆိုတာကို နောက်ဆုံးမှာ သဘောပေါက် နားလည်သွားခြင်းပဲ။
The Beast က သူ့ရဲ့ အတ္တတွေ ခဝါချပြီး Bell ရဲ့ နှလုံးသား အလင်းရောင်ကို ယုံကြည်ကာ သူမရဲ့ လက်ကို ကိုင်စွဲ၍ လိုက်ပါလာခဲ့လေရဲ့။
ဒါဟာ အချစ်စစ်သည်သာ ပြုလုပ်နိုင်သော အရာရဲ့ သက်သေဖြစ်ပေ၏......
#20260606

💌You are My Beast. I am Your Bell💌
*********

Whenever I heard ‘Beauty & the Beast’,
I think of you.
I feel that story is some kind of our stories.
Since I saw you first early days in our past,
even though you were in the crowds,
whenever I saw your back
I felt like you were the one kind of human who lived in the forgotten castle.
You were lost something deeply and hunger safe love.
Maybe because of that
I try to provide light on you.
Although I desired to get you out from there,
Your highest temper and ego hurt me and push me away.
Although you afraid of I close to you because of your insecurities,
You didn’t want to leave me from your castle for your unconscious needs.
I want to fly freely like Bell,
You want to keep me by your side like the Beast.
You were trapped in that castle with your temper and ego.
Sometimes you hurt me deliberately.
Sometimes you protect me that no one else can.
Nevertheless, do you know what is the secret of united bond between Bell and the Beast?
Finally, the Beast realized that Bell’s heart could show the world and put him out from the castle.
He put off his ego and trust the light of Bell’s heart and follow by holding her hand.
That’s what True Love can do.
#20260606

💌너는 나의 야수. 나는 너의 미녀.💌
*********

'미녀와 야수' 이야기를 들을 때마다,
당신을 생각 났다.
그 이야기가 마치 우리의 이야기처럼 느꼈다.
처음 당신을 본 초기 시절 우리의 과거 실기 부터,
비록 당신이 사람들 속에 있었지만,
당신의 뒷모습을 볼 때마다,
잊힌 성에 사는 괴로운 사람처럼 느껴졌다.
당신은 무언가를 깊게 잃어버린 사람 그리고 안전한 사랑을 갈망한 사람처럼 느꼈다.
아마도 그래서
당신에게 빛을 비추려 했던 것 같은 나.
당신을 그곳에서 꺼내려 애썼지만
당신의 강한 분노와 자존심이 나를 아프게 하고 밀어냈다.
당신은 불안감에 내가 가까이 오는 것을 두려워했지만,
무의식적인 욕구에 나를 당신의 성에서 떠나 보내기가 싶지 않았었다.
나는 미녀 벨처럼 자유롭게 날고 싶었고,
당신은 야수처럼 나를 곁에 두고 싶어 했다.
당신은 자신의 분노와 자존심 때문에 그 성에 갇혀 있었다.
때로는 일부러 나를 아프게 했지만,
때로는 누구도 할 수 없는 방식으로 나를 지켜줬다.
그런데, 벨과 야수의 끈끈한 유대감의 비밀이 뭔지 아시나요?
마침내 야수는 벨의 진심이 자신을 성에서 꺼내 세상을 보이게 드러날 수 있다는 것을 깨닫았다.
그 깨다림에 자신의 자존심을 버리며 벨의 진정한 마음 빛을 믿고 그녀의 손을 잡고 따라갔다.
이것이 바로 진정한 사랑의 힘이다.
#20260606
#ExtraordinaryMe
#VLuna
Hsu Myat Sandar
VLuna

Next
Next

~ Winter Night ~