~ Winter Night ~

🩷 Today Poem 🩷
~~~~~~~~~~~~~~~~~

Title : ~ Winter Night ~
**********************

~ ဆောင်းည ~
ဒီနှစ်လည်း
နှင်းတွေ ကျဆင်းလာပြန်ပေါ့။
ဆောင်းရာသီရဲ့ အအေးဒဏ်က
လူတွေကို ပိုအထီးကျန်စေတတ်သတဲ့။
နှင်းလေးတွေရဲ့ တီးတိုးပြောသံမှာတော့
ဘယ်သူပြောသလဲ ဆိုတဲ့
ထေ့ထေ့ ငေါ့ငေါ့ မေးသံလေးနဲ့။
အိမ် အပြင် မလှမ်းမကမ်းက
နီယွန် မီးရောင်အောက်မှာ
ကျဆင်းနေတဲ့ နှင်းပွင့်လေးတွေကို
တမေ့တမော ငေးရင်း
ရင်ခုန်ကြည်နူးမှုဆိုတဲ့
အလွမ်းယှက်သော လှိင်းလေးတစ်ခု
ဖြတ်သန်းသွားလေရဲ့။
ကိုယ် နှုတ်ခမ်းပါးတွေ
တွန့်ကွေးစွာ ပြုံးလိုက်မိတယ်။
ပြီးတော့
တစ်ကိုယ်စာ တီးတိုးသံလေးတစ်ခု
ကိုယ့်နှုတ်ဖျားကနေ
နှင့်ပွင့်တွေနဲ့အတူ ရောယှက်လို
လေလှိင်းထဲသို ပျံ့လွှင့်သွားလေရဲ့။
'ဘယ်လောက်တောင် လှပလိုက်တဲ့ မြင်ကွင်းပါလိမ့်'
နှင်းပွင့်လေးတွေ ကြားသွားတယ် ထင်ပါရဲ့။
ကိုယ့် မျက်နှာပေါ်ကို ရှက်ပြုံးလေးနဲ့
မထိတထိ ကျီစယ်သွားလေရဲ့။
ကိုယ့်ရဲ့ အချိန်အတန်ကြာ
ရပ်တန့် ငေးမောရင်း
အမည်မသိသော မြင်ကွင်းနဲ့
ရင်းနှီးသောရင်တွင်း ခံစားမှုတစ်ချိုက
လွမ်းဆွတ်ကြည်နူးဖွယ် ဆွတ်ပျံ့မှုတွေ
ထုံမွှန်းသွားလေရဲ့။
ဪ သူလာနေပြီပဲ။
#20260112

~ Winter Night ~
On this year,
The snow is falling down again.
People say,
The cold of the winter
Makes the people feel lonely.
But the snow whisper with sarcasm
‘Who said that?’
Outside home nearby,
There is the snow falling down
Underneath of the Neon Light.
By gazing that,
I feel something passing through
in my heart,
Thrill of excitement
A little with threaded yearning.
My lips smiled wryly.
And then,
From my lips spread out
That mixed with the snow
And spread to the air wave.
‘What a beautiful scenery it is.’
May the snow hear my whispering.
The snow gives a bit of taste joke
To my face with her shine smile.
By stand and gazing some time,
Unknow scene and
Some familiar deep-down feeling,
The nostalgic and delightful vibes
Are influencing the environment.
Oh, he is coming now.
#20260112

~ 겨울 밤 ~
올해도
눈이 내려오는 것 구나.
겨울의 추움은
사람을 더 외롭게 만들다 라고
사람들이 하곤 했지만
눈꽃들의 속사임에는
‘누가 그래?’ 라고 하여
비꼬는 말투로 하곤 하는 것
집 근처에 있는
네온사인 및에
내려오고 있는 눈꽃들을
바라보며
설레임과 그리움이
겹치는 바람 파도가
마음속에 지나 갔다.
내 입술에 미소를 지어
혼자서의 속사임이
내 입술에서 나가
눈꽃들과 같이
바람 탓에 흘려 갔다.
‘얼마나 아름다운 풍경일 까!’
눈꽃들이 들어서 나봐.
내 얼굴에 살짝 쓰치며
놀리는 뜻 지나갔다.
한참 서있으며 바라보다가
알 수 없는 풍경에
친숙한 속마음의 감각들이
향수를 불러일으키는
즐거운 분위기가
내 주변에 다 가득 채웠다.
오! 그대가 오고 있는 거구나.
#20260112
#VLUNA
#VYTH
Hsu Myat Sandar
VLuna
#Extraordinaryme

Previous
Previous

💌You are My Beast. I am Your Bell💌

Next
Next

💙My Blue 💙